TikTok E-commerce Data Analytics, Choose Tikmeta
Get Started
Introduction: This is a tiktok video published by tiktok.com/@kmhkmh243. The video has now received more than 95.4K likes, 513 comments and 932 shares. It is deeply loved by fans. The following is the specific data and similar videos. Address, you can complete the operation on this page by clicking play or bookmarking the video.
Views
1.4MDaily-
Likes
95.4KDaily-
Comments
513Daily-
Shares
932Daily-
ER
6.92%Daily-
Latest Videos
# #မြန်မာနှစ်ဆန်းတစ်ရက်နေ့ . . . မြန်မာနှစ်ဆန်းတစ်ရက်နေ့က တန်ခူးလဆန်းတစ်ရက်နေ့ ဘာလို့ မဖြစ်ရတာလဲတဲ့ . ငင့် . . . မေးလိုက်တာကတော့ လွယ်လွယ်လေး ပြန်ဖြေရမှာက အရှည်ကြီးမို့လို့ ဒီစာကိုရေးပြီး ဖြေလိုက်ပါတယ်။ . . . . ကမ္ဘာက နေကိုလှည့်ပတ်နေတာတစ်ပတ်ပြည့်ဖို့အတွက် ၃၆၅ ရက်နဲ့ ခြောက်နာရီကြာပြီး အဲသည်တစ်ပတ်ပြည့်တာကို တစ်နှစ်လို့ သတ်မှတ်ကြပါတယ်။ အဲသည်တစ်နှစ်ကို လတွေ ရက်တွေနဲ့ ပိုင်းခြားပြီး ပြက္ခဒိန်တွေ ပြုစုခဲ့ကြရာမှာ ကမ္ဘာပေါ်မှာ ကျင့်သုံးတဲ့ ပြက္ခဒိန်တွေ အမျိုးမျိုး ပေါ်ပေါက်ခဲ့ပါတယ်။ အခုနောက်ဆုံး ခေတ်အစားဆုံးနဲ့ တစ်ကမ္ဘာလုံးအများဆုံး အသုံးဆုံးပြက္ခဒိန်ကတော့ ဂရီဂိုးရီးယန်းပြက္ခဒိန်လို့ခေါ်တဲ့ အခု ၂၀၁၈ ခုနှစ်ကိုရောက်နေတဲ့ ပြက္ခဒိန်ပဲဖြစ်ပါတယ်။ အဲသည်ပြက္ခဒိန်ရဲ့ တစ်နှစ်ဟာ ၃၆၅ ရက်ရှိတဲ့အတွက် ကျန်တဲ့ ခြောက်နာရီကို လေးနှစ်တစ်ခါ ၂၄ နာရီပေါင်းပေါင်းထည့်ပြီး ရက်ထပ်နှစ်လုပ်လိုက်ရင် အမှန်တစ်နှစ်နဲ့ ညီသွားတာမို့ အတိကျဆုံးပြက္ခဒိန်လို့ ဆိုနိုင်ပါတယ်။ ဒါဆို မြန်မာပြက္ခဒိန်ကရော ??? . . . . မြန်မာပြက္ခဒိန်မှာ သာမန်အားဖြင့် တန်ခူးလကနေ တပေါင်းလထိ ဆယ့်နှစ်လရှိပါတယ်။ လမင်းကြီးက ကမ္ဘာကိုလှည့်ပတ်နေတဲ့အပေါ် အခြေခံပြီး လဆန်းလဆုတ်နဲ့ ရက်မစုံလ (လပြည့် ၁၅ + လကွယ် ၁၄ = ၂၉ ရက်) နဲ့ ရက်စုံလ (လပြည့် ၁၅ + လကွယ် ၁၅ = ၃၀ ရက်) တစ်လှည့်စီဖြစ်နေတာမို့ မြန်မာပြက္ခဒိန်မှာ ၂၉ ရက်နဲ့ ခြောက်လ (တန်ခူး၊ နယုန်၊ ဝါခေါင်၊ သီတင်းကျွတ်၊ နတ်တော်၊ တပို့တွဲ)၊ ရက် ၃၀ နဲ့ ခြောက်လ (ကဆုန်၊ ဝါဆို၊ တော်သလင်း၊ တန်ဆောင်မုန်း၊ ပြာသို၊ တပေါင်း) ရှိပါတယ်။ ဒါကြောင့် မြန်မာပြက္ခဒိန်ရဲ့ ပုံမှန်နှစ်တွေမှာ ၃၅၄ ရက်ပဲရှိပါတယ်။ ပုံမှန်အတိုင်းဆို တန်ခူးလဆန်း တစ်ရက်ကနေ တပေါင်းလကွယ်နေ့ထိဆို တစ်နှစ်ပြည့်ဖို့ ၁၁ ရက်နဲ့ ခြောက်နာရီ လျော့လျော့နေပါတယ်။ ဒါကြောင့် မြန်မာပြက္ခဒိန်တစ်နှစ်ဟာ အမှန်တစ်နှစ်မဟုတ်ဘဲ မြန်မာနှစ်ဆန်းတစ်ရက်နေ့ဟာ အမှန်နှစ်နဲ့ တွက်ယူတာမို့လို့ နှစ်ဆန်းတစ်ရက်နေ့ဟာ တန်ခူးလဆန်းတစ်ရက်နေ့ မဖြစ်တာပါ။ အဲသည်လို မဖြစ်လို့လည်း တန်ခူးလပေမယ့် အရင်နှစ်ထဲမှာပဲရှိနေသေးတဲ့ တန်ခူးလကို နှောင်းတန်ခူးလို့ခေါ်ပြီး နှစ်သစ်ထဲရောက်လာတဲ့ တန်ခူးလကို ဦးတန်ခူးလို့ခေါ်ရတာပါ။ တစ်ခါတစ်လေကျရင် နှစ်သစ်က တန်ခူးကိုကျော်ပြီး ကဆုန်လထဲ ရောက်တဲ့အခါ နှောင်းကဆုန်တွေ ဦးကဆုန်တွေပါ ရှိလာပါတော့တယ်။ . . . . ဒါကြောင့်မို့ မြန်မာပြက္ခဒိန်မှာ တစ်နှစ်ကို ဆယ့်တစ်ရက်နဲ့ ခြောက်နာရီလျော့နေတာကို ပြန်ကုစားတဲ့နည်းတွေ ထည့်သွင်းထားပါတယ်။ ဂရီဂိုးရီးယန်းပြက္ခဒိန်က လျော့နေတဲ့ ခြောက်နာရီကို လေးနှစ်တစ်ခါ တစ်ရက်အဖြစ် ထည့်ပေါင်းပေးပြီး အမှန်နှစ်နဲ့ ပြည်တည့်အောင် လုပ်ထားသလို မြန်မာပြက္ခဒိန်မှာလည်း အမှန်နှစ်နဲ့ ပြန်တည့်သွားအောင် လုပ်တဲ့နည်းတွေ ရှိပါတယ်။ ဂရီဂိုးရီးယန်းပြက္ခဒိန်လောက်တော့ မရိုးစင်းပါဘူး။ ပြောရရင် တော်တော်လေး ရှုပ်ထွေးပါတယ်။ . . . . မြန်မာပြက္ခဒိန်မှာ ပုံမှန်နှစ် ဝါထပ်နှစ် ဝါကြီးထပ်နှစ် ဆိုပြီး နှစ်အမျိုးအစား သုံးခုခွဲထားပါတယ်။ ပုံမှန်နှစ်မှာ ၃၅၄ ရက်၊ ဝါထပ်နှစ်မှာ ပထမဝါဆို ဒုတိယဝါဆို နှစ်ခါဖြစ်တဲ့အတွက် ရက်သုံးဆယ်တိုးပြီး ၃၈၄ ရက်၊ ဝါကြီးထပ်နှစ်မှာ ဝါဆိုလ နှစ်ခါအပြင် နယုန်လမှာ ရက်လွန် (ရက်ငင်) တစ်ရက်ထပ်ပေါင်းလို့ နယုန်လ ရက်သုံးဆယ်ဖြစ်သွားတဲ့အတွက် ဝါကြီးထပ်တစ်နှစ်ကို ၃၈၅ ရက် ရှိပါတယ်။ မြန်မာပြက္ခဒိန်တစ်နှစ်က အမှန်ပြက္ခဒိန်တစ်နှစ်နဲ့ ပြန်တည့်ဖို့အတွက် နှစ်ပေါင်း ၅၇ နှစ်အတွင်း ဝါဆိုလ နှစ်ခါထပ်တဲ့ ဝါထပ်နှစ်ပေါင်း ၂၁ နှစ်ထည့်ရပြီး နယုန်လတစ်ရက်တိုးတဲ့ နယုန်ရက်သုံးဆယ်ပေါင်း ဆယ့်တစ်ခါ ထည့်ရပါတယ်။ ဒါမှသာ နှစ်ပေါင်း ၅၇ နှစ်တစ်ခါပြည့်တိုင်း ရက်ပေါင်း ၂၀၈၁၉ ရက်နဲ့ အမှန်နှစ် ပြန်ပြန်တည့်သွားပါတယ်။ အဲသည် ၅၇ နှစ်ကို ၁၉ နှစ်စီ သုံးပိုင်းပိုင်းလိုက်ပြီး တစ်ပိုင်းချင်းစီရဲ့ တစ်နှစ်မြောက်၊ လေးနှစ်မြောက်၊ ခြောက်နှစ်မြောက်၊ ကိုးနှစ်မြောက်၊ ၁၂ နှစ်မြောက်၊ ၁၅ နှစ်မြောက်နဲ့ ၁၈ နှစ်မြောက်နှစ်တွေကို ဝါထပ်နှစ်အဖြစ် သတ်မှတ်ပြီး အဲသည်နှစ်တွေမှာ ဝါဆိုလ နှစ်ခါစီ ပါကြပါတယ်။ အဲသည်ဝါထပ်နှစ်တွေထဲကမှ တစ်ချို့နှစ်တွေမှာ ဝါကြီးထပ်နှစ်အဖြစ် သတ်မှတ်ပြီး နယုန်လကို တစ်ရက်စီ ထပ်တိုးလိုက်တာပါ။ . . . . ဒါကြောင့် မြန်မာပြက္ခဒိန်မှာပါတဲ့ တန်ခူးလဆန်းတစ်ရက်နေ့ဟာ အမှန်နှစ်တစ်နှစ်ရဲ့ အစ မဟုတ်တဲ့အတွက် နှစ်ဆန်းတစ်ရက်နေ့နဲ့ တန်ခူးလဆန်းတစ်ရက်နေ့ မတိုက်ဆိုင်တာဖြစ်ပါကြောင်း၊ ဂရီဂိုးရီးယန်းပြက္ခဒိန်ကတော့ အမှန်နှစ်နဲ့ အလွန်နီးစပ်တာမို့ နှစ်စဉ်နှစ်တိုင်း ဂရီဂိုးရီးယန်းပြက္ခဒိန်ရဲ့ ဧပြီလ ၁၅၊ ၁၆၊ ၁၇ ရက်နေ့တွေဟာ မြန်မာနှစ်ဆန်းတစ်ရက်နဲ့ အမြဲတမ်း တိုက်ဆိုင်နေတာဖြစ်ပါကြောင်း . . . . မောထှာကွာ၊ ဒီအတိုင်းဖတ်ကြည့်ရုံနဲ့တော့ သဘောပေါက်ချင်မှ ပေါက်မှာ၊ ပြောထားတာတွေကို ချရေးပြီး ပေါင်းနုတ်မြှောက်စားလုပ်ကြည့်မှ သဘောပေါက်လိမ့်မယ် . ဗိုလ်ကောင်း မြန်မာသက္ကရာဇ် ၁၃၈၀ ပြည့်နှစ် နှစ်ဆန်းတစ်ရက် ဦးကဆုန်လဆန်း သုံးရက် အင်္ဂါနေ
6.7K
192
0
kkmh🇲🇲
8 months ago
Similar Videos
Watch moreMore Videos
Watch more