TikTok E-commerce Data Analytics, Choose Tikmeta
Get Started
Introduction: This is a tiktok video published by Myo Min Tun. The video has now received more than 7 likes, 2 comments and 2 shares. It is deeply loved by fans. The following is the specific data and similar videos. Address, you can complete the operation on this page by clicking play or bookmarking the video.
Views
400Daily-
Likes
7Daily-
Comments
2Daily-
Shares
2Daily-
ER
2.75%Daily-
Latest Videos
ဒီပုံလေးကို မြင်တဲ့သူတိုင်းက ဟယ်ချစ်စရာ၊ လှလိုက်တာ၊ မင်းသမီးလားတဲ့ မဟုတ်ပါဖူး။ မျက်နှာလေးက လှလိုက်တာဆိုတာထက် နှလုံးသားလေးက လှလိုက်တာလို့ ခင်ဗျားလည်း ပြောမိမှာပါပဲ။ သူမကို ၁၉၄၄အောက်တိုဘာလ၂၄ရက် ပဲခူးတိုင်း၊ဒိုက်ဦးမြို့တွင်အဖဦးထွန်း+အမိဒေါ်မြရှင် တို့ကမွေးဖွားခဲ့သည်။ ၁၉၄၄က မွေးတဲ့ သူမက ၂၁ နှစ်အကြာ ၁၉၆၅ မှာ ရန်ကုန်ကို လာခဲ့တယ်တဲ့၊ ရန်ကုန်တက္ကသိုလ်ကို တက်ဖို့ပါ။ သူမက အင်းလျားဆောင်မှာ နေပြီး ရန်ကုန်တက္ကသိုလ်မှာ ပညာဆည်းပူးတယ်။ ၁၉၆၅ မှာ အင်းလျားဆောင်ကို ဝင်ခဲ့တဲ့သူမက နောင် ၉ နှစ် အကြာမှာ ပထမဆုံး စာအုပ်တစ်အုပ် ထုတ်ဝေလိုက်တယ်။ ပျောက်သောလမ်းမှာ စမ်းတဝါး တဲ့။ အဲဒါ ၁၉၇၄ ခုနှစ်အတွက် အမျိုးသား စာပေဆု ရခဲ့တဲ့ စာအုပ်လည်း ဖြစ်ခဲ့ပါတယ်။ နှလုံးသားလှတာကို မျက်နှာမှာ မြင်နေရတဲ့ ဒီဓါတ်ပုံပိုင်ရှင်က သူနေထိုင်ခဲ့တဲ့ အဆောင်ရဲ့အမည်နာမကို သူ့နာမည်နဲ့အတူတွဲပြီး မိုးမိုး( အင်းလျား) ဆိုတဲ့အမည်နဲ့ စာတွေ ဆက်တိုက် ရေးပါတော့တယ်။ ကြည့်ပါဦး ၁၉၇၈ - သဗ္ဗေသတ္တာ အဝေရာဟောန္တု ၁၉၇၈ - မှ တစ်ပါး အခြားမရှိပြီ(ရုပ်ရှင်) ၁၉၇၉ - ရွှေတိဂုံကို မြင်လျှင် ၁၉၈၀ - ငြိမ်းကိုရှက်ပါ (ရုပ်ရှင်) ၁၉၈၀ - ဂျိုး ၁၉၈၀ - သမုဒ္ဒရာခုနှစ်စင်း မြစ်မင်းတစ်ဆယ့်သုံးသွယ် ၁၉၈၁ - ကြွေမလိုနဲ့ဝေ ဝေမလိုနဲ့ကြွေ ၁၉၈၁ - ပန်းရိုင်းတရာ ၁၉၈၁ - ညီမလေးက အချစ်ကိုကိုးကွယ်သတဲ့လား ၁၉၈၂ - မသုဓမ္မစာရီ(ရုပ်ရှင်) ၁၉၈၃ - နာမကျန်းသည် အိုနှင်းဆီ ၁၉၈၃ - မြန်မာပြည်မှာ နေကြသည် ၁၉၈၃ - ကြွေရင် အတူကြွေမယ် ၁၉၈၅ - မီးရောင်အောက်ကိုဝင်လျှင် စသည်ဖြင့်တဲ့ ဆရာမရဲ့နောက်ဆုံးစာအုပ်က ၁၉၈၇ မှာ ထုတ်ဝေခဲ့တဲ့ ခံတက်နုလေးတွေ ညှိုးချိန်တန်တော့ တဲ့။ ဆရာမ မိုးမိုး(အင်းလျား) သေဆုံးသွားခဲ့ပါပြီ။ ၁၉၆၅ အင်းလျားဆောင်ကို ရောက်စဉ်ကပင် ၁၉၆၅ တိုင်းရင်းမေဂျာနယ်မှာရေးသား ပါဝင်ခဲ့တဲ့ ရွက်လှပန်းကလေးကိုယ့်ဘဝ ကဗျာကတည်းက မိုးမိုး( အင်းလျား) နာမည်နဲ့ စာတွေရေးခဲ့တဲ့ ဆရာမ မိုးမိုး(အင်းလျား)က ၁၉၉၀ မတ်လ ၁၃ ရက်နေ့ ၄၆ နှစ်အရွယ်မှာ သေဆုံးခဲ့တယ်။ ဆရာမ မိုးမိုး(အင်းလျား) သေဆုံးချိန်က ရှေ့က အင်းလျားဆောင်သူ စာရေးဆရာမကြီး လူထု ဒေါ်အမာက နှမြောလိုက်တာ မိုးမိုးရယ်။ ဖြေမဆည်နိုင်အောင်ပါပဲ လို့ ရေးသားမှတ်တမ်းတင်ခဲ့ပါတယ်။ Credit Pa Yazt Seit
7.0K
194
3
Myo Min Tun
12 months ago
ခေါင်း ပါသော်လည်း ဦးနှောက် မပါသူတွေ အများကြီး တွေ့နေရတယ်။ ရင်ဘတ် ပါသော်လည်း နှလုံးသား မပါသူတွေ အများကြီး တွေ့နေရတယ်။ အလင်းရောင်ထဲ နေပြီး အမှောင်ကျ နေသူတွေ အများကြီး တွေ့နေရတယ်။ မျက်လုံး ပါသော်လည်း အမှန်ကို မမြင်တဲ့သူတွေ အများကြီး တွေ့နေရတယ်။ တရားတွေ ကျင့်နေ ပါသော်လည်း တရားမျှတမှုကို ကျောပေး နေသူတွေ အများကြီး တွေ့နေရတယ်။ မေးတော့ မေးရမယ် ... ကိုယ်ချင်းစာတရား ဆိုတာ ဘယ်မှာလဲပေါ့ #𝘾𝙧𝙚𝙙𝙞𝙩_𝙩𝙤_𝙤𝙧𝙞𝙜𝙞𝙣𝙖𝙡_𝙒𝙧𝙞𝙩𝙚𝙧 #myanmarfoodblog
643
24
1
Myo Min Tun
1 years ago
Similar Videos
Watch moreMore Videos
Watch more