Introduction: This is a tiktok video published by ကိုစောအဲ SAW EHT TAW. The video has now received more than 31 likes, 2 comments and 0 shares. It is deeply loved by fans. The following is the specific data and similar videos. Address, you can complete the operation on this page by clicking play or bookmarking the video.
#တစ်ခါတုန်းက_လူတစ်ယောက်ဟာ_မြွေတစ်ကောင်ကိုနေ့စဉ်ကျွေးမွေးပြီး_ပခြုပ်ထဲမှ အဲဒီမြွေကို အစာကျွေးရာမှာ တစ်နေ့လျှင် ကြွက်တစ်ကောင်အားဖြင့် ပခြုပ်အတွင်းထည့်ပီးတော့ စားစေပါတယ်။ ဒါမယ့်မြွေကတော့ သူပခြုပ်ထဲကဘယ်လိုလွတ် မြောက်နိုင်မလဲလို့ အမြဲတွေးပြီး အကြံထုတ်နေတာပေါ့။ ဒါမယ့်သူလွတ်လမ်းကိုဘယ်လိုမှရှာမတွေ့ဘူး ဖြစ်နေသတဲ့။ တစ်နေ့မြွေကစဉ်းစားမိတယ်။“သူလည်းဒီထဲရောက်နေတာကြာပီ ဘယ်လိုမှလည်းပြန်မထွက်နိုင်ဘူး။ သူမကြာခင်သေရတော့မှာပဲ။ ဒီတော့ဒီနေ့သူစားရမယ့်ကြွက်လေးကို မစားပဲလွှတ်ပေးလိုက်တော့မယ်´´မြွေကအဲလိုတွေးပြီးတော့သူ့အတွက် မြွေဖမ်းသမားနေ့စဉ်ထည့်ပေးနေကျကြွက်လေးတစ်ကောင်ကို ဒီခါတော့မစားဘဲ သာသာငြိမ်နေသတဲ့။ အဲလိုလွှတ်ပေးလိုက်ရလို့သူ့စိတ်ထဲပီတိတွေ ဖြစ်နေမိတယ်။ နာရီဝက်လောက်လည်းကြာရော သူမစားဘဲဒီတိုင်းထားလိုက်တဲ့ကြွက်ကလေးကပခြုပ်ကို ကိုက်ဖြတ်လိုက်နိုင်တယ်။ အဲဒီအခါမှာ ကြွက်ထွက်တဲ့အပေါက်ကနေထွက်ပီး သူပါလွတ်သွားတော့တာပေါ့။ ကျွန်တော်တို့ဟာ ကိုယ့်အတွက်ကိုပဲဘာလုပ်သည်ဖြစ်စေ ပိုပီးစဉ်းစားတတ်ကြပါတယ်။ တခါတလေမှာ ကိုယ့်လက်အောက်မှာ အလုပ်လုပ်နေတဲ့လူတွေကို အမြဲလိုလိုအပေါ်စီးကပဲ ဆက်ဆံနေမိတယ်။ကိုယ်အဆင်ပြေဖို့အတွက်တခြားသူကို ချနင်းချင်ကြတာမဆန်းပါဘူး။ အလုပ်တစ်ခုလုပ်တဲ့နေရာမှာ ကိုယ်ကပဲ ရသမျှအကုန်ယူတာထက် လက်အောက်ငယ်သားအပေါ်မှာ ညှာတာစိတ်နဲ့ သင့်မြတ်အောင်ပေးခြင်းက အလုပ်ကိုပိုတွင်ကျယ်စေသလို.မိမိအလုပ်သမားကလည်းမိမိအပေါ် လေးစားချစ်ခင်လာမှာပါ။ လက်အောက်ငယ်သားအပေါ်ညှာတာမှုထားခြင်းက လုပ်ငန်းအပေါ်ပိုပီးအောင်မြင်နိုင်တဲ့အချက်တစ်ချက်ပါပဲ။မြွေလို လက်အောက်ငယ်သားကြွက်ကို မစားပဲ လွှတ်ပေးလိုက်လို့ ထွက်ပေါက်ရှာလွတ်မြောက်ရသလိုပဲ အလုပ်တစ်ခုမှာ မိမိလက်အောက်ငယ်သားအပေါ်အမြတ်မထုတ်ပဲမေတ္တာနဲ့သာ ဆက်ဆံမယ်ဆိုရင်အခက်အခဲဖြစ်ချိန်မှာတောင်လက်အောက်ငယ်သားရဲ့အကူအညီနဲ့ကြိုးစားလွတ်မြောက်နိုင်မှာပါ။ ဒါ့ကြောင့် မိမိလုပ်ငန်းအောင် မြင်ချင်တယ်ဆိုရင်တော့ လက်အောက်ငယ်သားဝန်ထမ်းတွေကို အခွင့်အရေးပေးဖို့မမေ့ပါနဲ့လို့ပဲ အကြံပြုလိုက်ပါရစေ။ ။ #𝘾𝙧𝙚𝙙𝙞𝙩_𝙩𝙤_𝙤𝙧𝙞𝙜𝙞𝙣𝙖𝙡_𝙒𝙧𝙞𝙩𝙚𝙧 #မေတ္တာဖြင့်တဆင့်_ #ပြန်လည်မျှဝေသည်... #လေးစားစွာဖြင့်-
Duration: 0 sPosted : Sun, 24 Mar 2024 14:51:30Views
469Daily-
Likes
31Daily-
Comments
2Daily-
Shares
0Daily-
ER
7.04%Daily-
Latest Videos
Similar Videos
Watch moreMore Videos
Watch more