Introduction: This is a tiktok video published by Nan Nan. The video has now received more than 5 likes, 1 comments and 0 shares. It is deeply loved by fans. The following is the specific data and similar videos. Address, you can complete the operation on this page by clicking play or bookmarking the video.
~မေတ္တာစူးရင်သိပ်ကြောက်ဖို့ကောင်းတယ် ဒါကြောင့်မေတ္တာမစူးစေနဲ့... ~တစ်ဖက်သားရဲ့ စေတနာ၊မေတ္တာတွေကို တန်ဖိုးမထားရင်တောင်မစော်ကားမိပါေစနဲ့ အသိအမှတ်မပြုရင်တောင် မပစ်မှားပါနဲ့ေပးတဲ့သူကမေတ္တာစစ်မေတ္တာမှန်ေနရင် ဘဝအဆက်ဆက်ဝဋ်ကြွေးခံရတတ်တယ်... ~သူကဘာမှ မသိပါဘူးဆိုပြီး တစ်ဘဝကောင်းစားရေးကို မမျှော်ကိုးနဲ့ သံသရာအတွက် အကြွေးတစ်ခုတင်သွားပြီလို့သာမှတ်ပါ... ~အကြွေးပဲ... ယူပြီးပြန်မပေးလဲရတယ်ဆိုပြီး မသိသလိုမနေပါနဲ့ လောကမှာ ကြောက်စရာအကောင်းဆုံးကအကြွေးပါ ဘယ်လိုအကြွေးမျိုးမဆို တစ်ဖက်လူဆီကယူပြီးရင် မသိသလိုနေလို့ရပေမဲ့ နောက်ဘဝအထိဝဋ်ကြွေးတွေပါသွားတတ်ပါတယ်... ~မေတ္တာလည်း ထိုနည်း၎င်းပါပဲ... မေတ္တာနဲ့မထိုက်တန်တဲ့သူဆိုတာ လောကမှာမရှိဘူး မေတ္တာကိုတန်ဖိုးမထားတတ်တဲ့သူပဲ ရှိတယ် အဲ့ဒီအထဲ သင်မပါပါစေနဲ့ မေတ္တာစူးရင် နှုတ်ရခက်ပါတယ် ... ~တစ်ဖက်သားရဲ့မေတ္တာ၊စေတနာတွေကို အသိအမှတ်မပြုတဲ့အပြင် နာကျင်အောင်၊ ဝမ်းနည်းအောင်၊စိတ်ထိခိုက်အောင်၊နောက်ဆုံးရုပ်ပိုင်းဆိုင်ရာအထိပါစော်ကားမိရင် သူနဲ့တန်တဲ့အကျိုးကို တန်ပြန်ခံရတတ်တယ်ဆိုတာမမေ့ပါနဲ့... ~သင်ပြုသမျှအရာရာဟာ ဘယ်သူမှမသိဘူးဆိုရင်တောင် သင့်စိတ်ကို သင်...ညာလို့ မရပါဘူးဒါကြောင့် မေတ္တာပေးတဲ့သူကို မေတ္တာနဲ့မတုန့်ပြန်ချင်ရင်တောင် အသိအမှတ်ပြုပေးပါ မေတ္တာစူးရင် ဘဝတစ်လျှောက်လုံး ဘာလုပ်လုပ် သင်ပြုခဲ့တဲ့တစ်ဖက်လူအပေါ်အပြုအမူအတိုင်း ဝဋ်ကြွေးတွေပြန်ရတတ်ပါတယ်... #မေဆု(ရာမညမြေ)4.5.2024 #မေဆုအတွေးရသစာစုလေးများ
Duration: 0 sPosted : Wed, 08 May 2024 01:38:08Views
141Daily-
Likes
5Daily-
Comments
1Daily-
Shares
0Daily-
ER
4.26%Daily-
Latest Videos
Similar Videos
Watch moreMore Videos
Watch more